About Us

စာပေလမ်းစာအုပ်ဆိုင် (Sarpay Lann Bookstore) ကို ၂၀၂၂ ခုနှစ်၊ မေလတွင် စတင်တည်ထောင်ခဲ့ပါသည်။ စာဖတ်သူတို့ စာအုပ်အမျိုးအစားအစုံအလင်ကို တစ်နေရာတည်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်စေရန်၊ စာဖတ်ခြင်းယဉ်ကျေးမှုမြှင့်တင်ရန်နှင့် စာပေဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

တိုးတက်ရေး၊ ငွေကြေးနှင့်စီးပွားရေး၊ အတွေးအခေါ်၊ နိုင်ငံရေး၊ ကျန်းမာရေး မှသည် ၀တ္ထု၊ ကဗျာ၊ အက်ဆေး အထိ သုတ၊ ရသစာအုပ်အမျိုးအစားအစုံကို ပြည်တွင်းအမြို့မြို့အနယ်သာမက ပြည်ပနိုင်ငံများအထိပါ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါသည်။

Sarpay Lann Team ကို စာအုပ်စာပေချစ်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စာဖတ်သူများအတွက် စာဖတ်ခြင်းနှင့် စာအုပ်စာပေ ရှာဖွေရွေးချယ်ခြင်းအတွက်လိုအပ်သော တိုင်ပင်ဆွေးနွေးမှုများလည်း ပြုလုပ်ပေးပါသည်။ စာပေလမ်းစာအုပ်ဆိုင်ကို လာရောက်သည့်အတွက် ကျေးဇူးအထူးတင်ပါသည်။ စာအုပ်စာပေချစ်သူများအတွက် လိုအပ်သည့်အကူအညီများပေးဖို့လည်း အမြဲအသင့်ရှိပါသည်။

စာပေလမ်းအဖွဲ့သားများ